ကျန်းမာလွန်းသူ
02-May-2017ဒေါက်တာခါးဆေးခန်းထဲသို့ လူနာတစ်ဦးဝင်လာသည်။
လူနာ ။ ။ ဆရာ။ ကျွန်တော်မေးခွန်းတစ်ခုမေးလို့ရလား။
ဆရာဝန် ။ ။ ရတာပေါ့။ ဘာသိချင်လို့လဲ ခံစားနေရတဲ့ ရောဂါလက္ခဏာနဲ့ရော သက်ဆိုင်လား။
လူနာ ။ ။ အင်း … သက်ဆိုင်တယ်ထင်တာပဲဆရာ။
ဆရာဝန် ။ ။ ဒါဆို ခင်ဗျား ဘာရောဂါခံစားနေရတာလဲဗျ။
လူနာ ။ ။ ဘာမှမခံစားရဘူးဆရာ။
ဆရာဝန် ။ ။ (အံ့သြသွားသည် ???????????? ) တစ်ကယ်ဘာရောဂါလက္ခဏာမှ မ
ခံစားရဘူးလား။
လူနာ ။ ။ ဟုတ်တယ် ဆရာ။ တစ်ကယ်မရှိတာ။ နာလည်းမနာဘူး။
နေလည်းကောင်းတယ်။ ချောင်းဆိုးတာ၊ ဖျားတာလည်းမရှိဘူး။ ဒါကြောင့်
အဲ့ဒါပုံမှန်ဟုတ်ရဲ့လားဆိုတာ သိချင်လို့ဆရာဆီလာတာဗျ။
????????????
Credit : မောင်လေပွေ